emergency contact

+959 796 188 100

အခုတလော ဖြစ်ပွါးမှုနှုန်း ပြန်လည်မြင့်တက်လာနေတဲ့ ကိုဗစ်မျိုးကွဲ နောက်တစ်ခု

Tuesday 05, 2023

မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB 1.16 ( Arcturus ) လို့ခေါ်တဲ့ ကိုဗစ်-၁၉ မျိုးကွဲဟာ မြန်မာနိုင်ငံမှာ ဧပြီလဆန်းပိုင်းမှ စတင်၍ ပြည်တွင်းကူးစက်မှု မြင့်တက်လာကြောင်းနှင့် ယခင် တွေ့ရှိခဲ့သည့် ဗီဇပြောင်းမျိုးကွဲများထက် ကူးစက်မှုနှုန်း (၂)ဆ နီးပါး ပိုမိုမြန်ဆန်သော်လည်း အရင်မျိုးကွဲများလောက် မပြင်းထန်ဘဲ လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ်ကုသဆေးဝါးများနှင့် ကုသမှုပေးနိုင်ကြောင်းသတင်းတွေမှာ တွေ့ရပါတယ်။

မြန်မာနိုင်ငံ အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတချို့မှာ ကူးစက်မြန် မျိုးဗီဇပြောင်း ရောဂါပိုးမျိုးကွဲသစ်တွေ တွေ့ရှိနေတာကြောင့်လည်း သတိထားဖို့ ကျန်းမာရေး ပညာရှင်တွေ တိုက်တွန်းနေပါတယ်။

ကူးစက်မြန်၊ မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ဟာ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စတဲ့ဝေဒနာများ ခံစားနိုင်ရတာကြောင့် မဖြစ်မနေ Mask တပ်သင့်တဲ့အပြင် အသက်အရွယ်ကြီးသူများနဲ့ ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားနည်းသူတွေက ကိုဗစ်ကာကွယ်ဆေး ထပ်မံထိုးထားသင့်ပါတယ်။

“မန္တလာဆေးရုံ”တွင် FDA အသိအမှတ်ပြုထားသော မလေးရှားနိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို ယခင် “35,000 ကျပ်” မှ ယခုလျှော့စျေး “31,500 ကျပ်” ဖြင့် လာရောက်ထိုးနှံနိုင်ပါပြီ။

ပြည်တွင်း၊ ပြည်ပခရီးသွားလာရာတွင် လိုအပ်သည့်နိုင်ငံတကာအသိမှတ်ပြု Covid ကာကွယ်ဆေးထိုးပြီးကြောင်းထောက်ခံစာနှင့် လိုအပ်လျှင် E-Certificate များကိုလည်း စီစဉ်ပေးပါသည်။

အစုအဖွဲ့နှင့် ထိုးနှံလိုသော ကုမ္ပဏီများအတွက်လည်း On-site Service စီစဉ်ပေးထားပါသည်။

“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲ အသင့်ရှိနေမှာ မန္တလာ”