👉 သွေးအားနည်းခြင်း ဖြစ်နိုင်သော အကြောင်းအရင်း အမျိုးမျိုးရှိသည့်အနက် သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းက မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးဖြစ်ပါတယ်။
သံဓာတ်အားနည်းနေလျှင် တွေ့ရတတ်သည့် ရောဂါ လက္ခဏာများမှာ-
❗️ခေါင်းမူးခြင်း
❗️အားမရှိသလို ခံစားရခြင်း
❗️ရင်တုန်ခြင်း၊ မောခြင်း
❗️လက်ချောင်း၊ ခြေချောင်းများ အေးခြင်း
❗️နှုတ်ခမ်းများ ဖြူဖတ် ဖြူရော် ဖြစ်ခြင်း တို့ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။
ဒီလိုသံဓါတ်အားနည်းနေရင်တော့ ဆရာဝန်ညွှန်ကြားချက်များအတိုင်း သံဓာတ်အားဖြည့်ဆေးများကို သောက်သုံးပေးနိုင်သလို၊ သံဓာတ်ကြွယ်ဝသော အစားစာများကိုလည်း စားသုံးပေးနိုင်ပါတယ်။
💪🏼သံဓာတ်ကြွယ်ဝသော အစားအသောက်များမှာ
🥦 အစိမ်းရောင်၊ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ (ဥပမာ- ဟင်းနုနယ်ရွက်၊ ကန်စွန်းရွက်၊ ကိုက်လန်ရွက်)
🥩🥩 အနီရောင်ရှိသော အသားများ(ဥပမာ- အမဲသား၊ ဆိတ်သား)
🌾 ပဲအမျိုးမျိုး – (ဥပမာ- ပဲပိစပ်၊ ပဲစိမ်း၊ ပဲထောပတ်၊ ပဲကတ္တီပါ၊ ပဲလွန်း)
🥜🥜 အခွံမာသီးများ (ဥပမာ- ဗာဒံစေ့၊ သီဟိုဠ်စေ့၊ မြေပဲစေ့)
🦑🦀🐟 ပင်လယ်စာများ – (ဥပမာ- ခုံး၊ကမာကောင်၊ ပုစွန်နှင့် ငါးအမျိုးမျိုး – တူနာ၊ ဆယ်လ်မွန်)
🫘 သက်သက်လွတ် စားသုံးသူများအတွက် သံဓာတ်နှင့် အသားဓာတ်ကို ပဲအမျိုးမျိုးမှ အဓိက ရရှိစေပါတယ်။
🍚 ထမင်းစားပြီးသည့်အခါတွင်လည်း အသီးဖျော်ရည်တစ်ခွက် သောက်သုံးခြင်း ၊အရည်ရွှမ်းသည့် သစ်သီးများ စားပေးသင့်ပါတယ်။ ထိုသို့ စားသုံးခြင်းဖြင့် သံဓာတ်စုပ်ယူမှုအားကောင်းပြီး သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပါတယ်။
💁♀️ ဖော်ပြပါ အစားအသောက်များ စားသုံးသော်လည်း မိမိတွင် အထက်ပါ ရောဂါလက္ခဏာများ ဆက်လက် ခံစားနေရပါက “မန္တလာဆေးရုံ”တွင် သွေးရောဂါဆိုင်ရာ အထူးကု ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။