☔️ ခုတလော လူတော်တော်များများ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာတွေဖြစ်ပြီး
ဖျားကြပါတယ်။ အများစုကတော့ ရာသီတုပ်ကွေးပါ။ ဒါပေမယ့် ကိုဗစ်ကလည်း ဖြစ်ပွါးမှုနှုန်းမြင့်မားနေတဲ့အတွက် ဖျားပြီ၊ ချောင်းဆိုးပြီဆို တုပ်ကွေးလား၊ ကိုဗစ်လား ဆိုတာ ခွဲရခက်ပါတယ်။
😷 တုပ်ကွေးအများစုက တစ်ပတ်လောက်နေရင် သက်သာသွားပေမယ့် ကိုဗစ်က အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်နိုင်တာကြောင့် လက္ခဏာ တစ်ခုခု ခံစားရတဲ့အခါ ကိုဗစ်လား၊ တုပ်ကွေး လားဆိုတာကို ကွဲကွဲပြားပြား သိနိုင်ဖို့ လိုပါတယ်နော်။
☑️ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
☑️ခေါင်းကိုက်ခြင်း
☑️အဖျားတက်ခြင်း
☑️ခန္ဓာကိုယ် ချမ်းတုန်ခြင်း
☑️နှာပိတ်ခြင်း
☑️လည်ချောင်းနာခြင်း
☑️ချောင်းဆိုးခြင်းစတဲ့ လက္ခဏာတွေကို ခံစားနေရပြီဆိုတာနဲ့ ရာသီတုပ်ကွေးလား၊ ကိုဗစ်လားဆိုတာ ခွဲခြားနိုင်ဖို့ ကျွမ်းကျင်တဲ့ ဆရာဝန်များနှင့် တိုင်ပင်ပြသသင့်ပါတယ်။
✅ ရာသီတုပ်ကွေးကို ဘယ်လိုကြိုတင်ကာကွယ်မလဲ ?
📌လူထူထပ်သောနေရာများသို့ သွားချိန် Mask တပ်ထားပါ
📌ကိုယ်ခံအားမြင့်အောင်နေထိုင်စားသောက်ပါ
📌အများသုံးပစ္စည်းများ ကိုင်တွယ်ပြီးပါက
📌လက်ကို ဆပ်ပြာနဲ့ ဆေးကြောပါ
တုပ်ကွေးမိနေချိန်မှာ
🔖 ရေများများသောက်သုံးသင့်ပါတယ်
🔖ကောင်းမွန်စွာ အနားယူသင့်ပါတယ်
🔖အာဟာရပြည့်ဝသော အစားသောက်များ စားသုံးသင့်ပါတယ်
🔖လည်ချောင်းနာပါက ဆားရေဖြင့် ပလုတ်ကျင်းခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။