emergency contact

+959 9400 700 97

အရိုး၊ အကြော၊ အဆစ်ရောဂါဝေဒနာရှင်များအတွက် အကောင်းဆုံးရလဒ်၊ နာကျင်မှုအနည်းဆုံးနဲ့ အမြန်ဆုံးပြန်လည်သက်သာစေတဲ့ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (Arthroscopy)

Friday 07, 2025

🎯 Arthroscopy ဆိုတာဘာလဲ ?

Arthroscopy ဆိုတာ၅ မီလီမီတာခန့်သာ အချင်းရှိသော မှန်ပြောင်းဖြင့် ဒူးဆစ် (သို့) ပခုံးအဆစ်အိမ်ထဲသို့ ထိုးသွင်းကာ ခွဲစိတ်ကုသခြင်းဖြစ်ပါတယ်။
ကုသနေစဉ် ကွန်ပျူတာ မော်နီတာ ပေါ်တွင်တိုက်ရိုက်ကြည့်ရှုပြီး ဒူးခေါင်းနှင့် ပခုံးအတွင်းရှိ မကောင်းသောအစိတ်အပိုင်းများအား ပြန်လည်ကုသပေးခြင်းဖြစ်ပါတယ်။

🎯 Arthroscopy လုပ်ခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးတွေက ဘာလဲ ?

– ခွဲစိတ်ရာတွင် အသုံးပြုသော မှန်ပြောင်းမှာ သေးငယ်သောကြောင့် ခွဲစိတ်ရာသေးငယ်ခြင်း
– အမာရွတ် သေးငယ်ခြင်း
– အရွတ်နှင့်အကြောများအား မတော်တဆထိခိုက်မှုနည်းခြင်း
– ကင်မရာဖြင့်ကြည့်ရှုနိုင်ခြင်းကြောင့် ရောဂါဖြစ်ရာနေရာနှင့် အမျိုးအစားကို တိကျစွာခွဲခြမ်းနိုင်ခြင်း
– သာမန်ခွဲစိတ်မှုနည်းလမ်းထက် လူနာပိုမိုသက်တောင့်သက်သာရှိခြင်း
– ခွဲစိတ်ပြီးနောက်လူနာသည် အမြန်ပြန်လည် နာလန်ထူနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

🎯 Arthroscopy နည်းနဲ့ ဘယ်လိုရောဂါတွေ ကုသနိုင်လဲ ?

– ဒူးနှင့် ပုခုံးအတွက် အရွတ်အကြောများ ပြန်လည်တည်ဆောက်ခြင်း
– ဒူးခေါင်းအရိုးနုစုတ်ပြဲခြင်း
– ဒူးခေါင်းအရိုးနုပြန်လည်ပြုပြင်ခြင်း
– ဒူးဆစ်လွဲခြင်းနှင့် ဒူးဆစ်ရိုးကျိုးခြင်း
– ပခုံးရိုး လွဲ၊ပြုတ်ခြင်းနှင့် မမြဲခြင်း
– ပခုံးကြွက်သားရောဂါနှင့် စုတ်ပြဲခြင်း
– ပခုံး၊ ဒူးနှင့် ခြေကျင်းဝတ် အဆစ်အိမ်များအတွင်း အရိုးစနှင့် အရိုးနုများရှိနေခြင်း
– ပခုံးနှင့် ခြေကျင်းဝတ် အရိုးနုအနာ
– တံတောင်ဆစ်၊ ခြေကျင်းဝတ်နှင့် တင်ပဆုံရိုးများ ခွဲစိတ်ကုသခြင်း
– အရိုးကျိုးရာမှ အဆစ်များပါထိခိုက်မှု စတဲ့ ရောဂါများကိုကုသနိုင်ပါတယ်။

🎯 ခွဲစိတ်ပြီးနောက် ရလဒ်

ရောဂါ၏ ရှေ့အလားအလာမှာ မခွဲစိတ်မီက အခြေအနေနှင့် ခွဲစိတ်မှု အတိမ်အနက်ပေါ် မူတည်ပါသည်။ ပြန်လည်သန်စွမ်းရေးကုထုံး (Physiotherapy) ဖြင့် ဆက်လက် ကုသမှုခံယူပါက မူလအခြေအနေသို့ပြန်လည်ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။