🦠 နီပါဗိုင်းရပ်စ် (Nipah Virus)ဆိုတာ တိရစ္ဆာန်မှ တစ်ဆင့် လူကို ကူးစက်တတ်သော ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အထူးသဖြင့် လင်းနို့တွေမှာအဓိကတွေ့ရတတ်တဲ့ ပိုးဖြစ်တယ်။ အခုတော့ လူတွေကို ကူးစက်လာပြီး လူအချင်းချင်း ပြန်ကူးတဲ့ရောဂါတစ်ခုဖြစ်လာပါတယ်။ လူတွေမှာဖြစ်တဲ့အခါ သေဆုံးမှုနှုန်းမြင့်မားတာကြောင့် အထူးသတိပြုရန် အရေးကြီးပါတယ်။
ဘယ်လိုကူးစက်တာလဲ ?
နီပါဗိုင်းရပ်စ် (Nipah Virus)က လင်းနို့ကဲ့သို့ တိရိစ္ဆာန်တွေနဲ့ တိုက်ရိုက်ထိတွေ့တာ၊ လင်းနို့စားထားထိထားတဲ့ အစားအသောက်တွေစားမိတာ၊ ကူးစက်ခံထားရတဲ့လူရဲ့ ခန္ဓာကိုယ်အရည်တွေနဲ့ ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။
⚠️ ရောဂါလက္ခဏာတွေအနေနဲ့
တုပ်ကွေးမိသလို လက္ခဏာတွေဖြစ်တဲ့
– အဖျားကြီးတာ
– ခေါင်းကိုက်တာ
– ကိုယ်လက်တွေနာကျင်ကိုက်ခဲနေတာ
– အော့အန်၊ လည်ချောင်းနာတွေ ခံစားရနိုင်ပါတယ်။
‼️ ဒီထက် ပိုဆိုးလာရင်တော့ ခေါင်းမူးတာ၊ အော့အန်တာနဲ့ အသိစိတ်လွတ်သွားတာမျိုး ဦးနှောက်ရောင်တဲ့လက္ခဏာတွေပြနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေတွေမှာတော့ တက်တာ၊ သတိလစ်မေ့မျောပြီး ကိုမာဖြစ်သွားတာထိ ဖြစ်နိုင်ပါတယ်။
✅ နီပါဗိုင်းရပ်စ် (Nipah Virus) ကို ဘယ်လို ကာကွယ်ရမလဲ ?
– အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို သေချာဆေးကြောသန့်စင်ပါ။ အခွံခွာစားပါ။
– တောရိုင်းတိရစ္ဆာန်တွေ နဲ့မထိတွေ့ပါနဲ့။ အထူးသဖြင့် ဝက်နဲ့ လင်းနို့တွေကို ရှောင်ပါ။ အသားစားတဲ့အခါ သေချာချက်ပြုတ်ပြီးစားပါ။
– အပြင်ထွက်ရင် မက်စ် (Mask) တပ်ပါ။ လက်ဆေးပါ။
👩⚕️ နီပါဗိုင်းရပ်စ် (Nipah Virus) အတွက် တိကျတဲ့ ကာကွယ်ဆေးမရှိသေးတာကြောင့် ကြိုတင်ရှောင်ရှားထားခြင်းက အကောင်းဆုံး ကာကွယ်နည်း ဖြစ်ပါတယ်။
ဖျားနာတာ၊ ခေါင်းကိုက်တာ၊ သတိလစ်ချင်သလိုဖြစ်တာ စတဲ့ လက္ခဏာ တစ်ခုခုခံစားရရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းသွားပြသင့်ပါတယ်။

