emergency contact

+959 796 188 100

‘အူမကြီးကင်ဆာ ဖြစ်နိုင်သူတွေထဲ သင် ပါဝင်နေပြီလား?’

Friday 05, 2024
👉 အူမကြီးကင်ဆာဆိုတာ အစာချေစနစ်ရဲ့ အောက်ပိုင်းရှိ အူမကြီးမှာဖြစ်တဲ့ ကင်ဆာရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ တတိယအဖြစ်အများဆုံးဖြစ်ပါတယ်။
အူမကြီးကင်ဆာဟာ အဖြစ်များသလို အသိနောက်ကျရင် အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်တာကြောင့် အထူးသတိထားရမယ့် ကင်ဆာရောဂါတစ်မျိုး ဖြစ်ပါတယ်။
👉 အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ရှိမရှိ ဘယ်အချက်တွေက ပြောပြနေလဲ❓
– အဝလွန်ခြင်း
– ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း
– ဆေးလိပ်၊ အရက် အမြဲသောက်ခြင်း စတဲ့အချက်တွေအပြင် အသက်အရွယ်ကြီးတာ၊ မျိုးရိုးထဲမှာ ကင်ဆာရှိတာအပြင် အူမကြီးအတွင်း အသားလုံး၊ အသားပိုတွေ ဖြစ်ဖူးတာ ရှိတယ်ဆိုရင်တော့…. အူမကြီးကင်ဆာ ဖြစ်နိုင်ချေ များတာကြောင့် မပေါ့ဆသင့်ပါဘူး….
⚠️အူမကြီးကင်ဆာ ဖြစ်ပွားလျှင် ဝမ်းသွားသည့် အမူအကျင့်များ ပြောင်းလဲလာပြီး
– မကြာခဏ ဝမ်းချုပ်ခြင်း
– ဝမ်းပျက်ခြင်း
– ဝမ်းထဲတွင် ချွဲ၊ သွေးပါခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။
⚠️အခြားလက္ခဏာများအနေနဲ့
– ဗိုက်အောင့်ခြင်း/ နာခြင်း
– နာတာရှည် လေမလည်ခြင်း၊ ဗိုက်တင်းခြင်း
– မကြာခဏ အန်ခြင်း
– ဝမ်းဗိုက်တွင် အလုံးအကျိတ် စမ်းမိခြင်း
– သွေးအားနည်းခြင်း
– အကြောင်းအရင်းမရှိပဲ ကိုယ်အလေးချိန် ကျဆင်းသွားခြင်း
– ပင်ပန်းအားနည်းခြင်း စတဲ့လက္ခဏာများ ခံစားရနိုင်ပါတယ်။
👨🏻‍⚕️ဘယ်လိုကုသလို့ ရလဲ?
အူမကြီးကင်ဆာဟု အတည်ပြုပါက လူနာ၏ အသက်အရွယ်၊ ကျန်းမာရေးကောင်းမွန်မှု နှင့် ကင်ဆာ ပျံ့ပွါးမှု အဆင့်ပေါ် မူတည်၍
✅ခွဲစိတ်ခြင်း
✅ကင်ဆာဆေးသွင်းခြင်း
✅ဓာတ်ရောင်ခြည် ပြခြင်း စသည့် နည်းလမ်းများဖြင့် ကုသနိုင်ပါတယ်။
🙏🏼အူမကြီးကင်ဆာရောဂါဟာ စောစီးစွာ သိရှိပါက ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါတစ်မျိုး ဖြစ်ပါတယ်။
📣📣 ဒါကြောင့် ကြိုတင်ကာကွယ်နိုင်ရန်နဲ့ စောစီးစွာ သိရှိကုသနိုင်ရန်-
📣📣 အသက် (၅၀)ကျော်သူများနှင့် အထက်ပါ အူမကြီးကင်ဆာ ဖြစ်နိုင်ချေရှိသူများသည်-
✅✅ အူမကြီး မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းကို တစ်နှစ် တစ်ကြိမ် ပုံမှန်ပြုလုပ်ပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင်နှင့် သင့်ပတ်ဝန်းကျင်တွင် အူမကြီးကင်ဆာလက္ခဏာများအတွက် သံသယရှိပါက “မန္တလာဆေးရုံ” တွင် အူမကြီးကင်ဆာစစ်ဆေးခြင်း (FIT Test) ပြုလုပ်ပြီး အစာအိမ်အူလမ်းကြောင်းဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် လာရောက်ပြသနိုင်ပါပြီ။