emergency contact

+959 796 188 100

ကင်ဆာဆေးသွင်းကိရိယာ Chemo Port

Tuesday 05, 2023

“မန္တလာဆေးရုံကင်ဆာဆေးသွင်းဌာန” မှာ ဆေးမကြာခဏသွင်းနေရတဲ့ ကင်ဆာဝေဒနာရှင်များအတွက် ဆေးသွင်းကိရိယာလေးတစ်ခုနှင့်မိတ်ဆက်ပေးပါရစေ။

ကင်ဆာဆေးသွင်းရန်အတွက် လက်ဖမိုးနှင့် လက်ဖျံရှိ သွေးပြန်ကြောငယ်များ ( Peripheral Veins ) ကို အသုံးပြုလေ့ရှိကြပါတယ်။ ဆေးသွင်းခြင်း၊ သွေးသွင်းခြင်းကို မကြာခဏပြုလုပ်ရတဲ့ လူနာတွေမှာ သွေးကြောဆိုင်ရာပြဿနာများဖြစ်တဲ့ သွေးကြောများမာကြောခြင်း၊ ပါးလွှာခြင်း၊ အလွယ်တကူပေါက်၍ အနီးနားရှိတစ်ရှူးများ ပျက်စီးခြင်း၊ သွေးကြောများပိတ်ခြင်း၊ အရေပြားပေါ်တွင် အညိုမဲစွဲခြင်း၊ သွေးကြောပျက်စီးခြင်း စသည့်ပြဿနာများဖြစ်တတ်လေ့ရှိပါတယ်။

၎င်းပြဿနာတွေကို လျှော့ချရန် နည်းလမ်းတစ်ခုကတော့ Chemo Port ထည့်ခြင်း ဖြစ်ပါတယ်။

❓ Chemo Port ဆိုတာဘာလဲ ?

Chemo Port (or) Port-a-cath ဆိုတာဟာ သေးငယ်တဲ့ဆေးထိုးခံခွက်လေးတစ်ခုဖြစ်ပါတယ်။ Chemo Port ကိုခန္ဓာကိုယ်ရဲ့လက်ယာဘက်အပေါ်နား ညှပ်ရိုးအနီးတဝိုက်မှာမြှုပ်နှံထားပြီး ၎င်းနှင့် ဆက်သွယ်ထားတဲ့ ဆေးသွင်းပိုက်ပျော့ကို ပင်မသွေးပြန်ကြောအတွင်း တိုက်ရိုက်ချိတ်ဆက်ပေးတဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

ပင်မသွေးပြန်ကြောနှင့် တိုက်ရိုက်ချိတ်ဆက်ပေးထားတာကြောင့် ဆေးသွင်းခြင်း၊ သွေးသွင်းခြင်းများ ပြုလုပ်ရာတွင် ပိုမိုလွယ်ကူစေသည့်အပြင် သွေးကြောပျက်စီးခြင်းများကိုလည်း ပိုမိုနည်းပါးစေပါတယ်။

ဘယ်လိုလူတွေ Chemo Port ထည့်သင့်သလဲ ?

  • ကင်ဆာဆေးသွင်းရန်လိုအပ်သော လူနာများ
  • မကြာခဏဆေးသွင်းရန်၊ သွေးသွင်းရန် လိုအပ်သူများ
  • ကာလကြာရှည်စွာ ပဋိဇီဝပိုးသတ်ဆေးသွင်းရန် လိုအပ်သူများ
  • သွေးကြောငယ်များရှာဖွေရန် ခက််ခဲသူများအစရှိသူတို့ အသုံးပြုသင့်ပါတယ်။

Chemo Port ထည့်တာနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ ?

  • Chemo Port သည် တစ်ကြိမ်ထည့်ပြီးလျှင် အနည်းဆုံး၂နှစ်မှ အများဆုံး၅နှစ်အထိ အသုံးပြုနိုင်ခြင်း
  • အကြိမ်ရေပေါင်း ၂၀၀၀ ကျော်ထိဆေးသွင်း၊ ဆေးထိုးနိုင်ခြင်း
  • ဆေးထိုးအပ်ကြောင့် ဖြစ်ပေါ်လာသော သွေးကြောများ ရောင်ရမ်းခြင်း၊ သွေးပြန်ကြောငယ်များ ပျက်စီးမှုနှုန်းကို နည်းပါးစေနိုင်ခြင်း
  • သွေးပြန်ကြောငယ်များ အလွယ်တကူ ပေါက်ခြင်းကြောင့် ခန္ဓာကိုယ်ကြွက်သား၊ ဆဲလ်များ မလိုလားအပ်ဘဲ ဆေးများနှင့် ထိတွေ့ပျက်စီးမှုကို လျော့ပါးစေခြင်း
  • Chemo Port နှင့် တွဲဖက်အသုံးပြုရန် သတ်မှတ်ထားသော ဆေးထိုးအပ် ( Huber Needle ) ကို အသုံးပြု၍ သွေးကြောဆိုင်ရာ လုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း
  • အချိန်ကုန် သက်သာခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

“မန္တလာဆေးရုံ ကင်ဆာဆေးသွင်းဌာနတွင်” Chemo Port ဆေးသွင်းကိရိယာကို အသုံးပြု၍ ကင်ဆာဆေးသွင်းကုထုံးကို စျေးနှုန်းသက်သာစွာဖြင့် လာရောက်ပြုလုပ်နိုင်ပါပြီ။

“သင်နှင့်သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”