emergency contact

+959 796 188 100

ကိုယ်ဝန်ဆောင်မေမေတို့အတွက် မီးဖွားခြင်း Packages များ

Wednesday 03, 2024
ကိုယ်ဝန်ဆောင်​မေမေတို့အနေနဲ့ မကြာမီ မွေးဖွားလာမယ့် ချစ်စရာ ရင်သွေးငယ်လေးများကို
🤔 ဘယ်ဆေးရုံမှာ မွေးဖွားရမလဲ ?
🤔 ဘယ်လို မွေးဖွားမှာလဲ ?
စသဖြင့် စဉ်းစားပူပန်နေရတယ်ဆိုတာ မိခင်လောင်းတိုင်း ကြုံတွေ့ရမယ့် သဘာဝတစ်ခုပါ။
🤰 ကျန်းမာသန်စွမ်းပြီး ချစ်စရာရင်သွေးငယ်လေးများကို မွေးဖွားနိုင်ရန် ကျွမ်းကျင်တဲ့ သားဖွားမီးယပ်ဆိုင်ရာ ဆရာ၊ ဆရာမကြီးတွေနဲ့ ဗိုက်အပ်ထားတာ အကောင်းဆုံးပါပဲ။
ကိုယ်ဝန်စဆောင်ချိန်မှ မွေးဖွားပြီးချိန်အထိ မိခင်တွေရဲ့ လိုအပ်တဲ့သွေးစစ်ဆေးမှုတွေ၊ ရင်သွေးကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ထားမှသာ မွေးရာပါကူးစက်ရောဂါများ ကင်းဝေပြီး ဖေဖေ၊ မေမေတို့ပါ စိတ်ချမ်းသာ ပျော်ရွှင်ရမှာပါ။
👶 ဒီလို ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေ မွေးဖွားဖို့ဆိုရင် “မန္တလာဆေးရုံ” ရဲ့ Maternity Packages (ကလေးမီးဖွားခြင်း အစီအစဉ်) များက ကိုယ်ဝန်ဆောင်​မေမေတို့အတွက် အသင့်ရှိနေပါပြီ။
Maternity Packages တွေဟာ မိခင်ရော ကလေးအတွက်ပါ ကျန်းမာရေးလုံခြုံစိတ်ချမှုအပြည့်ရှိရုံသာမက Package တစ်ခုချင်းစီတိုင်းမှာလည်း လိုအပ်တဲ့ ဝန်ဆောင်မှု အစုံအလင်ကို ရရှိနိုင်ပါတယ်။
🤰Maternity Package မှာ ဘာတွေ ပါဝင်မှာလဲ❓
✅ ခွဲစိတ်ခန်း အသုံးပြုမှုများ
✅ မမွေးဖွားခင်နှင့် မွေးဖွားပြီး အသုံးပြုသော ပုံမှန်ဆေးဝါးနှင့် ခွဲစိတ်ခန်းသုံး ပစ္စည်းများ
✅ မိခင်နှင့်ကလေးအတွက် တာဝန်ကျဆရာဝန်နှင့် သူနာပြုဆရာမများ၏ (၂၄)နာရီ ကျန်းမာရေးဝန်ဆောင်မှုများ
✅ မိခင်အတွက် ကျန်းမာရေးနှင့် ညီညွတ်သော မနက်စာ၊ နေ့လယ်စာနှင့် ညစာ
✅ မွေးစာရင်းအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း
✅ ကလေးအတွက် B ပိုးကာကွယ်ဆေး ပထမအကြိမ် ထိုးပေးခြင်း စတဲ့ ဝန်ဆောင်မှုများ ပါဝင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့ရဲ့
မွေးဖွားလာမယ့် ရင်သွေးလေးတွေအတွက် “မန္တလာဆေးရုံ” ရဲ့ Maternity Packages များမှ အသင့်ရှိနေပါပြီနော်… 💓