emergency contact

+959 796 188 100

ခေါင်းကိုက်ခြင်း နှင့် ဦးနှောက်အကျိတ်

Monday 07, 2022

ခေါင်းကိုက်ခြင်းသည် အဖြစ်များတဲ့ သာမန် ဖြစ်ရိုးဖြစ်စဉ် လက္ခဏာ တစ်ခု ဆိုသော်လည်း တစ်ခါတစ်ရံ ရောဂါတစ်ခုခု၏ ရှေ့ပြေးလက္ခဏာ ဖြစ်နေတတ်ပါသည်။

ခေါင်းကိုက်ခြင်း၏ ဖြစ်နိုင်သော အကြောင်းအရင်း များတွင် ဦးနှောက်အကျိတ် (Brain Tumor) လည်းပါဝင်ပါသည်။ ဦးနှောက်အကျိတ်သည် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး မိသားစုထဲတွင် အလားတူရောဂါဖြစ်ဖူးသူရှိပါက မျိုးရိုးလိုက်တတ်ပါသည်။ ဓာတ်ရောင်ခြည်/ ဓာတုပစ္စည်းများနှင့် ထိတွေ့မှုရှိခြင်း၊ ဦးနှောက်တွင် မွေးရာပါ ချို့ယွင်းချက်ရှိခြင်းတို့ကြောင့်လဲ ဖြစ်နိုင်ပါသည်။

ဦးနှောက်အကျိတ် ရောဂါလက္ခဏာများ

  • အပြင်းအထန်ခေါင်းကိုက်ခြင်း
  • တက်ခြင်း (ဖျားနာခြင်း နှင့် အတက်ရောဂါများ မရှိဘဲ)
  • ရံဖန်ရံခါ သတိလစ်သွားခြင်း
  • ပျို့အန်ခြင်း
  • ကိုယ်တစ်ခြမ်းအားနည်းသလို ခံစားရခြင်း
  • လမ်းလျှောက်လျှင် ဟန်ချက်မညီခြင်း
  • အကြားအာရုံ နှင့် အမြင်အာရုံ ချို့ယွင်းလာခြင်း
  • စဉ်းစားဉာဏ် နှင့် မှတ်ဉာဏ်ဆိုင်ရာ ချို့ယွင်းလာခြင်း
  • စကားပြောလေးလာခြင်း
  • စိတ်နေစိတ်ထား နှင့် အပြုအမူပြောင်းလဲလာခြင်း 

ဦးနှောက် အကျိတ်တိုင်းဟာ ကင်ဆာလား ?

မဟုတ်ပါ။ ဦးနှောက်အကျိတ်များတွင် ကင်ဆာမဟုတ်သော အကျိတ် (Benign Tumors) နှင့် ကင်ဆာအကျိတ် (Malignant Tumors) ဆိုပြီး ၂ မျိုး ခွဲခြားနိုင်ပါသည်။

ဦးနှောက်ကင်ဆာဖြစ်လာလျှင်ကုသလို့ရလား ?

ကုသနည်းများသည် အကျိတ် အမျိုးအစား၊ အရွယ်အစား နှင့် ဖြစ်သည့်နေရာပေါ် မူတည်ပါသည်။

  • ခွဲစိတ်ခြင်း
  • ကင်ဆာဆေးသွင်းခြင်း
  • ဓာတ်ရောင်ခြည်ပြခြင်း
  • ဓာတ်ရောင်ခြည်သုံးကာ ခွဲစိတ်ခြင်း
  • အကျိတ်ပြန့်ပွားမှုနှင့် ကြီးထွားမှုကို နှေးစေသော ဆေးများသောက်ခြင်း စသည့် ကုသနည်းမျိုးစုံ ရှိပါသည်။

ဦးနှောက်၊ အာရုံကြော နှင့် ကျောရိုးအာရုံကြောမကြီးဆိုင်ရာ နိုင်ငံခြားခွဲစိတ်အထူးကုဆရာဝန်ကြီး Dr Haroon M. Pillay သည် မန္တလာဆေးရုံတွင် လစဉ်လာရောက်ကုသပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။