emergency contact

+959 796 188 100

ဆီးချိုသွေးချိုလို့ လူတိုင်းခေါ်နေကြတဲ့ဆီးချိုနဲ့သွေးချို က တူတူပဲလား ?

Wednesday 03, 2023

ဆီးချိုသွေးချို ဟု လူသိများကြသော ဆီးချိုနှင့် သွေးချိုမှာ အတူတူပင်ဖြစ်ပါသည်။ သွေးတွင်အချိုဓါတ်များနေခြင်းမှ ဆီးတွင်ပါ လိုက်ချို၍ အချိန်တစ်ခုတွင် အရေးကြီးအင်္ဂါများဖြစ်သော ဦးနှောက်၊ နှလုံး၊ ခြေလက်တို့ရှိအာရုံကြောများ၊ မျက်လုံးနှင့်ကျောက်ကပ်တို့ကို ထိခိုက်လာနိုင်သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။
၂၀၁၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ ဆီးချိုသွေးချို လူနာ၂၈၅ သန်း ရှိကာ ၂၀၃၀ ပြည့်တွင် နှစ်ဆတိုးလာ နိုင်ကြောင်း စစ်တမ်းများအရ ခန့်မှန်းထားပါသည်။ တစ်ကမ္ဘာလုံးဖြစ်ပွားမှု မြင့်မားနေပြီး ယခင်ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာ အဖြစ်များသော်လည်း ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ ဖြစ်ပွါးမှုနှုန်း များ မြင့်တက်လာပါသည်။

❓ဘာ့ကြောင့်ဖြစ်တာလဲ ?
ဆီးချို ရောဂါကို ဖြစ်စေသည့် အကြောင်းရင်းမှာ ပန်ကရိယ အလုပ်ကောင်းကောင်း မလုပ်တော့ခြင်းကြောင့် အင်ဆူလင်လုံလောက်စွာထုတ်မပေးနိုင်၍ ခန္ဓာကိုယ်ထဲတွင် သကြားဓာတ်များပြားလာပြီး ဆီးချိုရောဂါဖြစ်ပေါ်လာစေပါသည်။
ဆီးချိုရောဂါအမျိုးအစားများစွာရှိသည့်အနက်
– လူငယ်များတွင် အဖြစ်များသည့် အင်ဆူလင် မထုတ်နိုင်သည့် ဆီးချိုရောဂါ
– အဝလွန်၍ သက်လတ်ပိုင်းများတွင် အဖြစ်များသည့် ဆီးချိုရောဂါနှင့်
– ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သည့် ဆီးချိုရောဂါ တို့မှာအဖြစ်များကြပါသည်။

⚠️ ရောဂါလက္ခဏာတွေက ဘာတွေလဲ ?
– ပင်ပန်းနွမ်းနယ်ခြင်း၊
– ပုံမှန်ထက်ရေငတ်ခြင်း၊
– ရုတ်တရက် ခန္ဓာကိုယ်အလေးချိန်ကျသွားခြင်း၊
– မကြာခဏ အနာဖြစ်ခြင်း၊ အနာကျက်ချိန်ကြာခြင်း၊
– အမြင်အာရုံ လျော့ကျလာခြင်း၊
– ဆီးကို ပုရွက်ဆိတ်တက်ခြင်း စသည်တို့ဖြစ်ပါသည်။

❇️ ဘယ်လိုလူတွေမှာ အဖြစ်များလဲ ?
– အဝလွန်သူ၊
– ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊
– သွေးတိုးရောဂါရှိသူ၊
– အသက်အရွယ်ကြီးသူ၊
– ဆီးချိုရောဂါမျိုးရိုးရှိသူ တို့တွင်အဖြစ်များပါသည်။

❗️ နောက်ဆက်တွဲ ဘာရောဂါတွေဖြစ်နိုင်လဲ ?
ဆီးချိုရောဂါဖြစ်လာလျှင် နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့်
– မျက်စိကွယ်ခြင်း၊
– ကျောက်ကပ်ရောဂါဖြစ်ခြင်း၊
– ခြေထောက်ပုပ်ခြင်း၊
– ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်ခြင်း၊
– နှလုံးသွေးကြောပိတ်ခြင်း စသည့်နောက်ဆက်တွဲ ရောဂါများ ဖြစ်ပေါ်လာနိုင်ပါသည်။

ဘယ်လိုကာကွယ်ကုသမလဲ ?
ကိုယ်ခန္ဓာမှ ပန်ကရိယ ဟုခေါ်သော အင်္ဂါအစိတ်အပိုင်းကို ပြန်အစားမထိုးမချင်း ဆီးချိုရောဂါမပျောက်ကင်းနိုင်ပါ။ သို့သော် ရောဂါမဖြစ်ခင်ကတည်းက အောက်ပါနည်းလမ်းများဖြင့် အနည်းဆုံး ၅၀% ရာခိုင်နှုန်းထိကြိုတင်ကာကွယ်နိုင်ပါသည်။
– အမျှင်ဓါတ်ပါသော အစားအစာများများစားခြင်း
– အာဟာရမျှတအောင်စားခြင်း
– ရေများများသောက်ခြင်း
– ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
-အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းထားခြင်း
– စိတ်ဖိစီးမှုလျော့ချပေးခြင်း
စသည်တို့ဖြင့် ဆီးချိုရောဂါကို ထိရောက်စွာကာကွယ်နိုင်ပါသည်။

မိမိနှင့် မိမိပတ်ဝန်းကျင်တွင် ဆီးချိုရောဂါသံသယရှိပါက “မန္တလာဆေးရုံ” တွင် ဝါရင့်ကျွမ်းကျင် ဆီးချိုဆရာဝန်ကြီးများနှင့် လာရောက်ပြသနိုင်ပါပြီ။
“သင်နှင့်သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”