emergency contact

+959 796 188 100

ထိပ်ကပ်နာ (Sinusitis) / အဖြစ်များသော နှာခေါင်း ရောဂါ

Tuesday 09, 2022

ကျန်းမာသူတစ်ဦး ၏ နှာခေါင်းအတွင်းပိုင်းရှိ လေခိုအိတ် (Sinus) များမှာ လေများဖြင့် ပြည့်နေပြီး လေ နှင့် နှာရည်များအား အပြင်သို့ ရှောရှူစွာ ထွက်စေရန် လမ်းကြောင်းပွင့်နေပါသည်။

ရောဂါပိုးကူးစက်မှုနှင့် လေထုအညစ်အကြေးများကြောင့် ထိုလေခိုအိတ်များ၏ အမြှေးပါးနံရံ ရောင်ရမ်းကာ ဝင်ပေါက်များ ယာယီပိတ်သွားတတ်သည်။ နှာရည်များ အပြင်သို့ မထွက်နိုင်ဘဲ လိုဏ်ခေါင်းထဲ စုမိကာ ထိပ်ကပ်နာ ဖြစ်ပါတော့သည်။

အတွေ့များသော ရောဂါလက္ခဏာများ

  • နှာခေါင်းပိတ်ခြင်း နှင့် အနံ့မရခြင်း
  • ရောဂါဖြစ်သည့်ဘက်ကို ဖိလိုက်လျှင် နာကျင်ခြင်း
  • နှာခေါင်းမှ အနံ့ဆိုးများ ထွက်ခြင်း
  • နှာရည် တတောက်တောက်ယိုစီးခြင်း နှင့် နောက်ပိုင်းတွင် အဝါရောင် (သို့) အစိမ်းရောင် နှာရည်ယိုခြင်း
  • ရောဂါဖြစ်သည့်ဘက်မှ မျက်နှာဖောရောင်နေခြင်း၊ သွားနှင့် သွားဖုံးနာနေခြင်း၊ မျက်လုံးလေးနေခြင်း၊ မျက်ရည်ပူ ထွက်ခြင်း

ထိပ်ကပ်နာရောဂါသည် အိမ်တွင်းပြုစုနည်းများဖြင့် အလွယ်တကူ သက်သာသောကြောင့် ပျောက်ကင်းပြီဟု အထင်မှားနိုင်ပါသည်။ ထိုအခါ အရှင်းမပျောက်ဘဲ ရောဂါလက္ခဏာများ နှစ်နှင့်ချီ ပေါ်လိုက်ပျောက်လိုက်ဖြစ်ကာ နာတာရှည် ဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ပျောက်ကင်းအောင် ကုသသင့်ပါသည်။

အကယ်၍ လေခိုအိတ်များကို ဆေးကြောရန် လိုအပ်လာပါက နာကျင်မှုအနည်းဆုံးနှင့် အန္တရာယ်အကင်းဆုံး Endoscopic sinus surgery ဖြင့် ပြွန်ချောင်းငယ်ကို အသုံးပြုကာ လေခိုအိတ်အပေါက်များကို ပွင့်စေနိုင်၍ လျင်မြန်စွာ ရောဂါပျောက်ကင်းစေနိုင်ပါသည်။

မန္တလာဆေးရုံတွင် Endoscopic sinus surgery အထူးပြု နား၊နှာခေါင်း၊ လည်ချောင်းဆိုင်ရာ နိုင်ငံခြားအထူးကုဆရာဝန်ကြီး Dr Ranjit Peter နှင့် လစဉ်ပြသနိုင်ပါပြီ။

“သင်နှင့်သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”