👉 နားရောဂါတွေထဲကမှ အဖြစ်အများဆုံးနဲ့ သတိအထားသင့်ဆုံးကတော့ နားအူတာပဲ ဖြစ်ပါတယ်။ နားအူရတဲ့ အကြောင်းရင်း များစွာရှိပါတယ်။ အိပ်ရေးပျက်ရင် နားအူတတ်သလို ကိုယ်ခံအားနည်းရင်လည်း နားအူတတ်ပါတယ်။ တချို့နားအူရတဲ့ အကြောင်းရင်းတွေက စောစောသိရရင် ပိုကောင်းသလို နောက်ကျမှ သိရရင် အန္တရာယ်လည်း ရှိတာကြောင့် နားအူတာနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို “မန္တလာဆေးရုံ” မှ ဖော်ပြပေးလိုက်ပါတယ်နော်။
👂ပုံမှန်အားဖြင့် နားအူစေရတဲ့ အကြောင်းရင်းတွေကတော့
– နားထဲမှာ ပြည်တည်ခြင်း
– နားထဲမှာ တစ်ခုခု ပိတ်နေခြင်း
– ဦးနှောက်နဲ့ လည်ပင်း ထိခိုက်ဒဏ်ရာရခြင်း
– နားစည်ပေါက်ခြင်း/ ရောင်ခြင်း
– အကြားအာရုံချို့ယွင်းခြင်း/ နားထိုင်းခြင်း
– အချို့ဆေးဝါးများ သောက်သုံးခြင်း
– နှာခေါင်းပိတ်လို့ နှပ်ညှစ်တဲ့အခါ နားအူတာတွေ ဖြစ်တတ်ပါတယ်။
👂ဘယ်လိုလူတွေမှာ အဖြစ်များလဲ ?
– လုပ်ငန်းခွင်မှာ အသံဆူဆူတွေ နားထောင်နေရတဲ့သူတွေ၊ နားကြပ်နဲ့ သီချင်းကျယ်ကျယ် နားထောင်တဲ့သူတွေ၊ ဆူညံတဲ့ ပတ်ဝန်းကျင်မှာ နေရသူများ
– အသက်အရွယ်ကြီးလာခြင်း
– ဆေးလိပ်၊ အရက်သောက်သုံးခြင်း
– အဝလွန်ခြင်း
– နှလုံးရောဂါ၊ သွေးတိုးရောဂါ ရှိခြင်း စတဲ့သူတွေမှာ အဖြစ်များပါတယ်။
👉 နားအူတာတွေက သူ့အလိုလိုပျောက်ကင်းသွားတာ ရှိသော်လည်း ရေရှည်နားအူခြင်း ခံစားနေရရင်တော့ သက်ဆိုင်ရာ ဆရာဝန်ကြီးများနဲ့ ပြသပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ခံယူဖို့ လိုအပ်ပါတယ်။
⚠️ မိမိအနေဖြင့် နားအူခြင်းကဲ့သို့ ဝေဒနာများကို ကာလရှည် ခံစားနေရရင်
🏥 “မန္တလာဆေးရုံ” တွင် နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး နှင့် လာရောက်ပြသနိုင်ပါပြီ။