🤧 အအေးမိတုပ်ကွေးရောဂါဟာ ဝေဒနာမပြင်းထန်တဲ့တိုင်အောင် အစားပျက်၊ အလုပ်ပျက်ရလောက်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ရာသီအကူးအပြောင်းမှာဆိုရင် 𝐈𝐧𝐟𝐥𝐮𝐞𝐧𝐳𝐚 𝐯𝐢𝐫𝐮𝐬 လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ရာသီတုပ်ကွေးကိုဖြစ်ပေါ်စေပါတယ်။
🦠 ဒီဗိုင်းရပ်စ်ဟာာ အသက်အရွယ်မရွေး ဖြစ်စေနိုင််ပြီးတော့
-တစ်ဦးကနေ တစ်ဦးကို အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခြင်း
-တုပ်ကွေးဖြစ်နေသူနှင့် အနီးကပ်နေမိရာ (သို့) တုပ်ကွေးဖြစ်နေသူ ထိတွေ့ကိုင်တွယ်ထားတဲ့
ပစ္စည်းတွေကို ထိမိရာကနေ တစ်ဆင့်ကူးစက်နိုင်ပါတယ်
👉 တုပ်ကွေးဖြစ်ပြီဆိုတာနဲ့ ဒီလိုလက္ခဏာတွေဖြစ်တဲ့
– ဖျားခြင်း
– ချောင်းဆိုးခြင်း
– လည်ချောင်းနာခြင်း
– နှာရည်ယို နှာခေါင်းပိတ်ခြင်း
– ကိုယ်လက်နာကျင်ကိုက်ခဲခြင်း
– ခေါင်းကိုက်ခြင်း
– နုံးချိအားမရှိခြင်း
– အန်ခြင်း၊ ဝမ်းလျှောခြင်း တို့ ခံစားရနိုင်ပါတယ်။
👉 တချို့တုပ်ကွေးလက္ခဏာတွေက သိပ်မပြင်းထန်ဘဲ ရက်အနည်းငယ်အတွင်းမှာ သက်သာသွားလေ့ ရှိပါတယ်။
👉 ဒါပေမယ့် တချို့သူများမှာတော့ ပြင်းထန်စွာ ခံစားရတတ်ပြီး အဆုတ်ရောင်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းစတဲ့ တုပ်ကွေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။
🔰ကူးစက်ခြင်းမခံရအောင် ကာကွယ်ဖို့အတွက်ကတော့ လူစုလူဝေးနေရာများကို သွားခြင်းမှ ရှောင်ကြဉ်ခြင်း
🔰လက်ကိုမကြာခဏဆေးခြင်း၊ နှာချေ၊ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါနဲ့ ဖုံးအုပ်ဆိုးခြင်း
🔰 ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။
ဒါကြောင့် မိဘပြည်သူများအနေဖြင့် ရာသီတုပ်ကွေးမှ ကြိုတင်ကာကွယ်နိုင်ရန် “မန္တလာဆေးရုံ”တွင်
✅ H1N1, H3N4 စတဲ့ (၄)မျိုးသော တုပ်ကွေးရောဂါကာကွယ်ပေးတဲ့ FDA အသိအမှတ်ပြု ရာသီ တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) များ ထိုးနှံနိုင်ရန် စာရင်းပေးနိုင်ပါပြီ။
✅ ကုမ္ပဏီ (သို့) အသင်းအဖွဲ့ များမှ တုပ်ကွေးကာကွယ်ဆေး ထိုးနှံ လိုသူများအတွက်လည်း အထူးစျေးနှုန်းအပြင် On-Site လည်းလာရောက် ထိုးနှံပေးပါတယ်။
☎️ အသေးစိတ်သိရှိနိုင်ရန်အတွက် 09 423 343 640, 09 423 343 641 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။