emergency contact

+959 796 188 100

ရေကျောက်ပေါက်ရင် ရေချိုးလို့မရဘူးဆိုတာ တကယ်လား?

Thursday 03, 2024
ကျွန်တော်ရေကျောက်ပေါက်တုန်းကတော့ ရေချိုးတာပဲဗျ 😕
တစ်အိမ်လုံးကတော့ ဒီလိုပြောပြီး တားကြပါတယ်
“ရေကျောက်ဆိုတာ ရေထိလို့မရဘူး•••ပိုပွါးတယ်”တဲ့လေ 😕
ဒါပေမဲ့ ဆေးခန်းသွားပြတော့ ဆရာဝန်က “ရေချိုးလို့ရတယ်”ပြောတာနဲ့
ရေကျောက်ပေါက်နေလို့ (၂)ပတ်လောက်ထိ ရေမထိခဲ့တဲ့ကျွန်တော်ဟာ “အိမ်ပြန်ရောက်ရင်တော့ ရေအဝချိုးပစ်မယ်ကွာ”လို့ စိတ်ထဲကြိတ်ပျော်နေတုန်းမှာပဲ•••
ဆရာဝန်က ဒီလိုသေချာထပ်မှာပါတယ်
✅ ရေချိုးတဲ့အခါ မပူမအေးတဲ့ရေ (ရေကျက်အေး)နဲ့သာ ချိုးပါ
✅ ကလေးသုံးရေချိုးဆပ်ပြာကိုသာ သုံးပါ
✅ ခန္ဓာကိုယ်ကို ညင်သာစွာ သန့်စင်ပါတဲ့
ဆရာဝန်မှာတဲ့အတိုင်း ရေချိုးအပြီးမှာတော့ •••
အရင်က ကြားဖူးနားဝရှိခဲ့ဖူးတဲ့ “ရေကျောက်ပေါက်ရင် ရေမချိုးရဘူး”ဆိုတာဟာ အယူအဆအမှားမှန်း သိလိုက်ရပါတော့တယ်
🔹 တကယ်တော့ ရေကျောက်ပေါက်နေတုန်း ရေမချိုးတဲ့အခါ အရေပြားပိုးဝင်တတ်ပါတယ်
🔹 ရေကျက်အေးနဲ့ ရေချိုးပေးခြင်းဟာ ယားယံခြင်းကို သက်သာစေပြီး အရေပြားကိုသန့်ရှင်းစေတယ်
🔹 ရေရဲ့ 𝐂𝐨𝐨𝐥𝐢𝐧𝐠 𝐄𝐟𝐟𝐞𝐜𝐭က ရေကျောက်နဲ့ဆက်စပ်တဲ့ ဖျားနာခြင်း၊ ရောင်ရမ်းခြင်းတွေကို သက်သာစေတယ်
🔹 အဖျားနဲ့ချွေးထွက်တာကြောင့် ရေဓာတ်လျှော့နည်းတာကို အထောက်အကူဖြစ်စေတယ်
🔹 ဆပ်ပြာအပျော့စားသုံးပြီး ညင်သာစွာသန့်စင်ပေးခြင်းဟာ အရည်ကြည်ဖုတွေရဲ့ ဘတ်တီးရီးယားပိုးကြောင့်ဖြစ်မယ့် နောက်ဆက်တွဲပြဿနာတွေကို လျှော့ချပေးနိုင်လို့ အနာကျက်မြန်စေပါတယ်
ဒီအချက်တွေက ကျွန်တော်ပြောတာတော့မဟုတ်ပါဘူး
ရေချိုးရမှာ ချိတုံချတုံဖြစ်နေတဲ့ ကျွန်တော့်ကို ဆရာဝန်က ပြောပြပေးတဲ့ အချက်တွေပေါ့ဗျာ
ဒါကြောင့် ကျွန်တော့်လို ရေကျောက်ပေါက်နေတဲ့ ဘဝတူတွေများရှိရင် “ရေချိုးလို့ရပါတယ်•••ရေချိုးဖို့မကြောက်ပါနဲ့”လို့ မှာပါရစေ 😁
ဒါနဲ့ ရေကျောက်ပေါက်ပြီဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းရှိ အရေပြားဆရာဝန်ဆီပြဖို့တော့ လိုအပ်တယ်နော်