emergency contact

+959 796 188 100

အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း

Friday 07, 2022

မှန်ပြောင်းကြည့်ခြင်း ဆိုသည် မှာ လူ့ခန္ဓာကိုယ်၏ အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် ပုံမှန်မဟုတ်နေသော အခြေအနေများကို စမ်းသပ်စစ်ဆေးပေးခြင်း ဖြစ်ပါသည်။

မည်သည့် အချိန်တွင် မှန်ပြောင်းကြည့်သင့်ပါသလဲ?

  • မကြာခဏ ဗိုက်အောင့်၊ ဗိုက်နာပြီး မအီမသာဖြစ်နေခြင်း
  • Ultrasound ရိုက်ပြီးသည့်တိုင်အောင် ရောဂါမပေါ်ပဲ ဗိုက်နာမြဲနာနေခြင်း
  • အူမကြီးရောဂါများ
  • အူမကြီးအကြိတ်များ
  • အူမကြီးရောင်ရမ်းခြင်း
  • နာတာရှည်အစာအိမ်ရောဂါများ စသည်တို့ ဖြစ်ပေါ်နေလျှင် မှန်ပြောင်းကြည့်သင့်ပါသည်။

အကျိုးကျေးဇူးများ

  • ကင်ဆာနှင့် အခြား ရောဂါများကို စောစီးစွာ သိရှိနိုင်ပါသည်။
  • မကြာခဏ ဗိုက်နာ ၊ ဗိုက်အောင့် ဖြစ်၍ ရောဂါရှာမရသူများ အနေဖြင့် မှန်ပြောင်းကြည့်၍ မိမိခံစားနေရသော ရောဂါအမျိုးအစားကို သိရှိနိုင်ပါသည်။
  • မှန်ပြောင်းကြည့်ခြင်းဖြင့် သင့်တွင်ဖြစ်နေသော ဗိုက်နာခြင်း၊ စအိုသွေးယိုခြင်း၊ ကာလကြာဝမ်းချုပ်ခြင်း၊ ကာလကြာဝမ်းလျှောခြင်းနှင့် အခြားအူလမ်းကြောင်းပြဿနာများ၏ အကြောင်းရင်းများကိုပါ စစ်ဆေးသိရှိနိုင်ပါသည်။
  • မှန်ပြောင်း ကြည့်ခြင်းဖြင့် အသားပိုများ၊ အခြားပုံမှန်မဟုတ်သောအရာများ တွေ့ရှိနိုင်ပါသည်။ ပုံမှန်အားဖြင့် အသားပိုများသည် ကင်ဆာမဟုတ်ပါ။ ထိုအသားပိုများကို မှန်ပြောင်းကြည့်နေစဉ် ဆရာဝန်မှ လိုအပ်လျှင် ဖြတ်ထုတ် ပေးနိုင်ပါသည်။
  • အူမကြီး ကင်ဆာ ဟုတ်မဟုတ် သိနိုင်၍ ကြိုတင်ကာကွယ်နိုင်ပါသည်။

ဒါ့ကြောင့် “ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ထိရောက်သည်” ဆိုသကဲ့သို့ နောက်ဆုံးရောဂါအ ဖြေသိရသည့်အချိန် မှ ကုသခြင်းထက် ဝမ်းဗိုက်ရောဂါများ မကြာခဏ ခံစားနေရလျှင် ဆရာဝန်နှင့်တိုင်ပင်၍ လိုအပ်ပါက မှန်ပြောင်းကြည့်သင့်ပါသည်။

ယခုအခါ မန္တလာ ဆေးရုံတွင် အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတော်ကြီးများမှ လူနာများ၏ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုးတို့ကို အသေးစိတ် စမ်းသပ်စစ်ဆေး၍ ကုသမှုများ ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အသင့်ရှိနေမှာ မန္တလာ”