emergency contact

+959 796 188 100

အဆိပ်ရှိသောတညင်းသီး နှင့် ကျောက်ကပ်ပျက်စီးခြင်း

Saturday 06, 2022

ယခုအချိန်တွင် မန္တလာဆေးရုံသို့ ကျောက်ကပ်ရောဂါခံစားရ၍ လာရောက်ပြသသော လူနာများစွာ ရှိနေပါသည်။ ထိုလူနာများထဲတွင် တညင်းသီးစားပြီးနောက် ကျောက်ကပ်ဝေဒနာခံစားရသူများလည်း ပါဝင်ပါသည်။

တညင်းသီးသည် ခန္ဓာကိုယ်ကို အကျိုးပြုစေသော ဗီတာမင်ဓာတ်များ မပါဝင်ဘဲ ဒုက္ခဖြစ်စေသော Djenkolic acid အဆိပ်သာ ပါဝင်ပါသည်။

 ဘာဆိုးကျိုးတွေဖြစ်နိုင်သလဲ?

  • ဆီးအနံ့ ဆိုးခြင်း
  • ဆီးမသွားနိုင်ခြင်း
  • ဆီးသွားလျှင် သွေးပါခြင်း
  • ဆီးလမ်းကြောင်းပိတ်ခြင်း
  • ဆီးသွားနည်းခြင်း
  • ကျောက်ကပ်ပျက်စီးခြင်း

အထက်ပါလက္ခဏာများသည် စားသည့်ပမာဏ၊ ခန္ဓာကိုယ်မှ အဆိပ်ကို လက်ခံနိုင်စွမ်း၊ ရောဂါအခံရှိမရှိ (ဥပမာ ကျောက်ကပ်၊ ဆီးချို၊ သွေးတိုး) ပေါ်တွင် မူတည်ပါသည်။

ထို့ကြောင့် အာဟာရမရှိဘဲ အဆိပ်အတောက်သာ ဖြစ်စေသော တညင်းသီးကို ရှောင်ကြဉ်ခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု အကြံပေးချင်ပါသည်။

မန္တလာဆေးရုံတွင် ကျောက်ကပ်ရောဂါဝေဒနာရှင်များအတွက် ဆီးနှင့်ကျောက်ကပ်အထူးကုဌာနအပြင် ကျောက်ကပ်သွေးသန့်စင်ဌာနပါ ထားရှိပေးထားပါသည်။

“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အသင့်ရှိနေမှာ မန္တလာ”