emergency contact

+959 796 188 100

အူကျွံခြင်းအကြောင်း တစေ့တစောင်း …

Thursday 12, 2023
ဝမ်းဗိုက်ကို ကြွက်သားများနှင့် ၎င်းကြွက်သားများအားဖုံးအုပ်ထားတဲ့ အဖုံးလွှာများဖြင့်ပေါင်းစပ်ဖွဲ့စည်းထားပြီး ကြွက်သားနဲ့ အဖုံးလွှာမရှိတော့လျှင်အပေါက်တစ်ခုဖြစ်သွားမှာပါ။ ဒီအခြေအနေမှာ အူ (သို့) ဝမ်းဗိုက်အစိတ်အပိုင်းတစ်ခုဟာ ပြူထွက်လာခြင်း (သို့) တစ်နည်းအားဖြင့် ကျွံထွက်လာခြင်းကို အူကျွံခြင်းလို့ခေါ်ပါတယ်။
👉 အများအားဖြင့် အူကျွံခြင်းဟာ ဝမ်းဗိုက်နေရာမှာ ဖြစ်တတ်ပေမယ့် ပေါင်အထက်ပိုင်းနဲ့ ပေါင်ခြံနေရာများမှာလည်း ဖြစ်နိုင်ပါတယ်။
တကယ်လို့ မကုသဘဲထားလိုက်ရင် အူကျွံခြင်းဟာ အချိန်နဲ့အမျှ ပိုပြီးဆိုးရွားလာတတ်ပါတယ်။
🔹ဘာကြောင့်ဖြစ်တာလဲ ?
အူကျွံခြင်းရောဂါဟာ ဝမ်းဗိုက်ကြွက်သားများ အားစိုက်ထုတ်မှုများခြင်း(သို့) မွေးကတည်းက ဝမ်းဗိုက်ကြွက်သားများ အားနည်းနေခြင်းကြောင့် ဖြစ်တတ်ပါတယ်။
🔹အူကျွံခြင်း အမျိုးအစားဘယ်နှမျိုးရှိလဲ ?
အူကျွံခြင်းဟာ ဖြစ်ပွားတဲ့နေရာအပေါ်မူတည်ပြီး ပုံစံအမျိုးမျိုးရှိပါတယ်။
– ပေါင်ခြံနေရာတွင်အူကျွံခြင်း (Inguinal Hernia)
– ချက်နေရာတွင်အူကျွံခြင်း (Umbilical Hernia)
– ဝမ်းဗိုက်နေရာအူကျွံခြင်း (Ventral Hernia)
– ခွဲကြောင်းအူကျွံခြင်း (Incisional Hernia) ဟူ၍ အမျိုးမျိုးရှိပါတယ်။
🔹လက္ခဏာတွေက ဘာတွေလဲ ?
အချို့အူကျွံခြင်းတွေဟာ ဘာလက္ခဏာမှ မရှိတတ်ပေမယ့် တချို့တချို့မှာတော့ အလွန်နာကျင်တတ်ပါတယ်။ အရမ်းနာနေတယ် ဆိုရင်တော့ အူလိမ်သွားတာ ဖြစ်နိုင်ပြီး အရေးပေါ်ကုသဖို့ လိုနိုင်ပါတယ်။ အူကျွံခြင်းရဲ့ လက္ခဏာတွေကတော့
● ပေါင်ခြံ (သို့မဟုတ်) ဝမ်းဗိုက်မှာ အလုံးဖြစ်ခြင်း၊ တစ်ခါတစ်ရံ အလုံးမပေါ်ခင် နာကျင်ကိုက်ခဲခြင်း
● ချောင်းဆိုးချိန်ပိုနာကျင်ခြင်း
● အူပိတ်ခြင်း၊ ပျို့ချင်၊ အန်ချင်ခြင်း
● ဝမ်းဗိုက်နေရာတွင် နီရဲနာကျင်နေခြင်း
● ဝမ်းဗိုက် (သို့မဟုတ်) ပေါင်ခြံမှာ ပူစပ်ပူလောင် ဖြစ်နေခြင်း
● မတ်တတ် အကြာကြီးရပ်တဲ့အခါ နာကျင်လာခြင်း တို့ပဲဖြစ်ပါတယ်။
🔹ဘယ်လိုကုသရမလဲ ?
အသက်အရွယ်နှင့် အူကျွံခြင်းအမျိုးအစားတို့ပေါ် မူတည်ပြီး ကုသနည်း အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အများစုဟာ သူ့အလိုလို သက်သာသွားတတ်ပေမယ့် တစ်ခါတစ်ရံ ခွဲစိတ်ကုသဖို့ လိုအပ်နိုင်ပါတယ်။
တကယ်လို့ အူကျွံခြင်းရောဂါဟာ သိသာထင်ရှားမှု မရှိသေးဘူးဆိုရင်
– ဝမ်းဗိုက်ဓါတ်မှန်ရိုက်ခြင်း (USG)
– ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း (CT Scan)
– သံလိုက်ဓါတ်မှန်ရိုက်ခြင်း (MRI) စသည်တို့ဖြင့် ရှာဖွေစစ်ဆေးနိုင်ပါတယ်။
မိမိနဲ့ မိမိပတ်ဝန်းကျင်မှာ အူကျွံတာနဲ့ပတ်သက်ပြီး ရောဂါလက္ခဏာများဖြစ်ပေါ်နေပါက “မန္တလာဆေးရုံ” တွင် ခွဲစိတ်အထူးကုဆရာဝန်ကြီးများနဲ့ လာရောက်ပြသနိုင်ပါပြီ။