emergency contact

+959 796 188 100

“𝘓𝘦𝘵 𝘧𝘰𝘰𝘥 𝘣𝘦 𝘵𝘩𝘺 𝘮𝘦𝘥𝘪𝘤𝘪𝘯𝘦 𝘢𝘯𝘥 𝘮𝘦𝘥𝘪𝘤𝘪𝘯𝘦 𝘣𝘦 𝘵𝘩𝘺 𝘧𝘰𝘰𝘥 “ (quote by Hippocrates) ဆိုသလိုပဲ မြန်မာစကားပုံမှာလည်း အစာလည်းဆေး ဆေးလည်းအစာဆိုတာ ရှိပါတယ်။

Monday 07, 2023
🍲 “𝘓𝘦𝘵 𝘧𝘰𝘰𝘥 𝘣𝘦 𝘵𝘩𝘺 𝘮𝘦𝘥𝘪𝘤𝘪𝘯𝘦 𝘢𝘯𝘥 𝘮𝘦𝘥𝘪𝘤𝘪𝘯𝘦 𝘣𝘦 𝘵𝘩𝘺 𝘧𝘰𝘰𝘥 “ (quote by Hippocrates)
ဆိုသလိုပဲ မြန်မာစကားပုံမှာလည်း အစာလည်းဆေး ဆေးလည်းအစာဆိုတာ ရှိပါတယ်။
🍴 လူသားတို့အတွက် သင့်တင့်မျှတသော အာဟာရ (Healthy and Balanced Diet) ရရှိနိုင်ဖို့က ကျန်းမာခြင်းရဲ့ အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။
ဒီနေ့ခေတ်ကာလရဲ့ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုပုံစံတွေအရ ရောဂါထူပြောလာတာတွေ၊ နာတာရှည်ရောဂါ ဖြစ်ပွါးမှုနှုန်းတွေ တစ်နှစ်ထက်တစ်နှစ် မြင့်မားလာပါတယ်။
🍴အဆိုပါရောဂါများကို ဆေးဝါးများဖြင့် ကုသရာတွင်လည်း အာဟာရကုထုံးနှင့် တွဲဖက်ပါက ကုသမှုပိုမို အောင်မြင်နိုင်တဲ့ အပြင် ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပွားအောင် ကာကွယ် တားဆီးနိုင်ပါတယ်။
ထို့ကြောင့် အာဟာရကုထုံးဆိုတာ ကောင်းမွန်သောလူနေမှုဘဝ အတွက် ယခုအခါတွင် ရွေးချယ်စရာတစ်ခု ဖြစ်လာပါတယ်။
🤔 ဘယ်လိုလူတွေက အာဟာရဆိုင်ရာ လမ်းညွှန်မှု ရယူသင့်လဲ❓
– ဆီးချိုရောဂါရှိသူများ
-သွေးတိုးရောဂါရှိသူများ
-သွေးတွင်းအဆီဓာတ်များနေသောသူများ
-နာတာရှည်ကျောက်ကပ်ရောဂါရှိသူများ
-ကင်ဆာရောဂါရှိသူများ
-နှလုံးရောဂါရှိသူများ
-ကျန်းမာသော နည်းစနစ်ဖြင့် ဝိတ်ချ/ဝိတ်တင် ချင်သောသူများ
-နှာခေါင်းပိုက်မှ အစာအာဟာရ ထည့်သွင်းနေရသူများ
-သင့်တင့်မျှတသော အာဟာရလမ်းညွှန်မှု ရယူလိုသော ကိုယ်၀န်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ
-ဖြည့်စွက်စာ စတင်ကျွေးမည့် ကလေးငယ်များအတွက် အစာအာဟာရ လမ်းညွှန်မှု ရယူလိုသော မိဘများ
-Gym ကစားသူများ
-သက်ကြီးရွယ်အိုများအတွက် ပြီးပြည့်စုံသော အာဟာရ ဖြည့်ဆည်းပေးလိုသော လူနာရှင်များ တို့သည် အာဟာရဆိုင်ရာ လမ်းညွှန်မှု ရယူသင့်ပါတယ်။
🏥 မန္တလာဆေးရုံတွင် သင့်ကျန်းမာရေးအတွက် အာဟာရဆိုင်ရာ ဆရာ၀န်များနှင့်
နေ့စဉ် မနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း
လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။
“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”
ဆက်သွယ်ရန်
“မန္တလာဆေးရုံ”
လိပ်စာ – ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။
ဖုန်းနံပါတ် – 09 796 188 100 , 09 423 343 641