👀 တစ်နေ့တစ်နေ့ မျက်လုံးနှစ်လုံး ဖွင့်ကတည်းက မိုးလင်းကနေ မိုးချုပ် အလုပ်တွေချည်း လုပ်နေရတယ်။ တစ်နေ့တစ်နေ့ ဒီလိုပဲ ကုန်ဆုံးနေရတယ်။ ဒါဆိုရင်တော့ သင့်အနေနဲ့ Me Time လေး ပေးဖို့ လိုအပ်နေပါပြီနော်။
🤍 Me Time ဆိုတာဘာလဲ ?
Me Time ဆိုတာ Date with myself (ဒါမှမဟုတ်) ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့၊ ကိုယ့်ကိုကိုယ် ဂရုပြုဖို့ ကိုယ့်အတွက်ကို အချိန်သီးသန့်ပေးတာလေးပါ။ Me Time ယူတာကနေ စိတ်သစ်၊ လူသစ်နဲ့ အမြဲတက်ကြွ ရွှင်လန်းနေမှာပဲ ဖြစ်ပါတယ်။
🤍 Me Time က ဘာလို့ အရေးကြီးတာလဲ ?
Me Time က လူတိုင်းအတွက် အရေးကြီးပါတယ်။ Me Time အလုံအလောက်မရတဲ့အခါ ကျွန်တော်တို့ဟာ အရမ်း ပင်ပန်းနွမ်းနယ်လာပြီး အကုန်လုံးကို လွှတ်ချချင်စိတ်တွေပါ ပေါက်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် လိုအပ်တဲ့ Energy တွေ ပြန်လည်ဖြည့်တင်းဖို့ Me Time က အရေးကြီးတာပါ။
🤍 Me time ကို ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်မယ့် ပုံစံမျိုးနဲ့ ဖန်တီးလို့ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်တွေမှာ တခြားလူတွေ(အများကြီး) နဲ့ အတူ အချိန်ကုန်ဆုံးတာမျိုး မဖြစ်ရပါဘူး။
ဖြစ်နိုင်ရင် တစ်ယောက်တည်း ဖြတ်သန်းနေတာကပဲ အကောင်းဆုံးနဲ့ အထိရောက်ဆုံး Result ကို ရရှိမှာ ဖြစ်ပါတယ်။
🤍 Me Time ကြောင့် ဘယ်လိုကောင်းကျိုးတွေ ရနိုင်တာလဲ ?
✅ ဦးနှောက်ကို ပြန်လည်အားပြည့်စေတယ်
✅ စိတ်ဖိစီးမှုတွေလျော့ကျစေပြီး တက်ကြွလန်းဆန်းစေတယ်
✅ ကိုယ့်ရဲ့လိုအပ်ချက်၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး သိရှိစေနိုင်တယ်
✅ ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ ပိုမိုအဆင်ပြေလာစေတယ်
✅ ပတ်ဝန်းကျင်နဲ့ ပြောဆိုဆက်ဆံရေးမှာလည်း ကောင်းမွန်တိုးတက်လာစေနိုင်ပါတယ်။
ဒါကြောင့် မိဘပြည်သူများအနေနဲ့ ကိုယ့်ကိုကိုယ် Me Time လေး ပေးဖို့ မမေ့ကြဖို့ “မန္တလာဆေးရုံ” မှ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်နော် 🥰