emergency contact

+959 796 188 100

Myanmar Food Culture – မြန်မာလူမျိုးများရဲ့ စားသောက်မှုပုံစံ

Friday 09, 2023

🍴Myanmar Food Culture🍴

မြန်မာလူမျိုးများရဲ့ စားသောက်မှုပုံစံ
🌎 ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာရှိတဲ့ နိုင်ငံတော်တော်များများဟာ ကစီဓါတ် အဓိကပါဝင်မှုနှုန်းများတဲ့ ထမင်းကို အလေးပြုအားထားစားသုံးနေကြပါတယ်။
🍳 မနက်စာ breakfast အနေနဲ့ စားသုံးတဲ့ ကောက်ညှင်းပေါင်းနဲ့ အကြော်၊ ထပ်တရာ၊ အီကြာကွေး၊ နံပြား၊ မုန့်ဟင်းခါး၊ မုန့်တီ အစရှိတဲ့မုန့်တွေကလည်း ကစီဓါတ်ပါဝင်တဲ့ ဂျုံနဲ့ဆန်ကိုအသုံးပြုထားတဲ့ အစားအစာတွေပါ။ ကစီဓါတ်ကို ကြာရှည်စားသုံးပါက ဆီးချိုရောဂါက်ို ဖြစ်ပွါးစေဖို့ လမ်းစဖြစ်ပေါ်လာပါတယ်။
🍲 နေ့လည်စာနဲ့ ညစာတွေမှာလည်း ဆီပြန်ဟင်းလို့ခေါ်တဲ့ ဟင်းအနှစ်တွေအများကြီးနဲ့ စားတတ်ကြပါတယ်။ ဒီလိုအဆီဓါတ်သုံးစွဲမှုများခြင်းကြောင့်လည်း သွေးတွင်းအဆီဓါတ်များလာပြီး နှလုံးသွေးကြောကျဉ်း/ ပိတ်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
🍮 ထို့ပြင် သွားရည်စာအနေနဲ့ စားသုံးကြတဲ့ မြန်မာမုန့်တော်တော်များများကလည်း ကစီဓါတ်တွေပါဝင်တဲ့ ဆန်၊ ဂျုံ အစရှိတာတွေကို အခြေခံပြုလုပ်ထားတဲ့ မုန့်ပျစ်သလက်၊ မုန့်ပေါင်း၊ မုန့်ကျွဲသဲ အစရှိသည် တို့ပဲ ဖြစ်ပါတယ်။
🥩 မြန်မာလူမျိုးများရဲ့ အသားဓါတ်စားသုံးမှုက ဥရောပအနောက်နိုင်ငံများနဲ့ ယှဉ်လျှင် သိသိသာသာလျော့နည်းတာကို တွေ့ရတတ်ပါတယ်။ အသားဓါတ်နည်းပါးခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေခံစားရတတ်ပါတယ်။ ဥပမာ ကလေးငယ်တစ်ယောက်ဟာ ဖွံ့ဖြိုးကြီးထွားရမယ့်အရွယ်မှာ လုံလောက်တဲ့ အသားစားသုံးမှုမရှိပါက ကြီးထွားမှုနှုန်းမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
🥦 မြန်မာနိုင်ငံမှာ ဟင်းသီးဟင်းရွက်/သစ်သီးဝလံတွေလည်း ပေါများပါတယ်။ သို့သော်နေ့စဉ်စားသုံးတဲ့အခါမှာ လိုအပ်တဲ့ဟင်းသီးဟင်းရွက်ပမာဏကို စားသုံးပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဟင်းသီးဟင်းရွက်/ သစ်သီးဝလံစားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက မနည်းပါဘူး။
🍚 နောက်ဆုံးအနေနဲ့ မြန်မာတို့အကြိုက်ဆုံး ထမင်းနှင့်အတူတွဲစားရတဲ့ မပါမဖြစ် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တို့မှာပါဝင်တဲ့ ဆားဓါတ်ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ ဆားဓါတ်က တစ်နေ့လိုအပ်ချက်ပမာဏထက် အလွန်အကျွံစားသုံးမိပါက သွေးတိုးရောဂါနှင့် အခြားနာတာရှည်ရောဂါများကို ပိုမိုဆိုးရွားစေမှာပါ။ အငန်များများစားလျှင် ပါဝင်သည့် ဆိုဒီယမ်များကြောင့် အရိုးများကို ပျက်စီးစေပါသည်။ ဒါကြောင့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တို့ကို တတ်နိုင်သမျှ ရှောင်ရှားရမှာပါ။
🥛 စားရမယ့်အစားအစာတွေအပြင် နေ့စဉ်သာက်သုံးရန်လိုအပ်တဲ့ ရေ၊ နွားနို့ စသည်တို့ကိုလည်း လုံလောက်အောင် သောက်သုံးသင့်ပါတယ်။ ရေနဲ့ နွားနို့တို့ကို သောက်သုံးတဲ့အကျင့်ကလည်း မြန်မာလူမျိုးတွေမှာ အားနည်းနေပါသေးတယ်။
👩‍⚕️ အချုပ်အားဖြင့်ဆိုရသော် မြန်မာ့အစားအစာတွေဟာ အာဟာရပြည့်ဝအောင် ရွေးချယ်စရာတွေရှိပါတယ်။ မိမိတို့အလေ့အကျင့်လေးတွေ ပြုပြင်ပြောင်းလဲဖို့သာ အရေးကြီးတာပါ။ ကျန်းမာတဲ့နေ့စဉ်ဘဝတွေကို အကောင်းဆုံးပိုင်ဆိုင်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာတွေကို ရွေးချယ်စားသုံးဖို့ လိုပါတယ်နော်။
💁🏼‍♀️ လူတစ်ဦးနဲ့ တစ်ဦး လိုအပ်သော စွမ်းအင်ပမာဏ၊ စားသောက်ရမယ့်ပုံစံ မတူညီနိုင်တဲ့အတွက် သေသေချာချာတိတိကျကျသိချင်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ အာဟာရဆရာဝန်များနှင့် “မန္တလာဆေးရုံ”တွင်ပြသပြီး အကြံဥာဏ်ရယူနိုင်ပါတယ်။