emergency contact

+959 796 188 100

Personalized Wellness Program – InBody Test စစ်ဆေးပေးပြီး အာဟာရဆရာဝန်များမှ အခမဲ့ဆွေးနွေးပေးမည့်အစီအစဉ်

Monday 07, 2023
🔰 မိဘပြည်သူများ၏ ကျန်းမာရေးအတွက် ရည်ရွယ်၍ အထူးအစီအစဉ်အဖြစ် “မန္တလာဆေးရုံ” နှင့် InBody Myanmar တို့ ပူးပေါင်းပြီး Personalized Wellness Program လေးစီစဉ်ထားပါတယ်။
👩‍⚕️ ဇူလိုင်လ (20) ရက်နေ့တွင် “မန္တလာဆေးရုံ”သို့လာရောက်သော မိဘပြည်သူများကို InBody Test (InBody Composition Analyze) ဖြင့် အခမဲ့တိုင်းတာပေးသွားမည့်အပြင် အာဟာရဆိုင်ရာဆရာဝန်များမှ အခမဲ့တစ်ကြိမ် ဆွေးနွေးတိုင်ပင်ပေးသွားမှာ ဖြစ်ပါတယ်။
💠 InBody ဆိုတာဘာလဲ?
InBody ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အဆီပမာဏ ကြွက်သားပမာဏ ဘယ်လောက်ရှိသလဲ ဆိုတာကို တိတိကျကျတွက်ချက်ပေးတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။
Bioelectrical Impedance Analysis (BIA) Method လို့ခေါ်တဲ့နည်းပညာနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုလုံးကို ဘေးအန္တရာယ် (side effect) တစ်စုံတစ်ရာမရှိပဲ ခွဲခြမ်းစိတ်ဖြာပြီး မိမိတို့ခန္ဓာကိုယ်မှာ ရှိတဲ့
🔹 BMI (Body Mass Index)
🔹 ရေပမာဏ
🔹 အဆီပမာဏ
🔹 ကြွက်သားပမာဏ စသည်တို့အပြင်
ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းမှာ အဆီဘယ်လောက်ရှိသလဲ ဆိုတာတွေအထိပါ တိတိကျကျတွက်ချက် ထုတ်ဖော်နိုင်ပါတယ်။
💠 InBody Test ကို ဘယ်သူတွေစစ်ဆေးသင့်သလဲ? ဘယ်လိုနေရာတွေမှာ စစ်ဆေးနိုင်လဲ?
InBody Test (InBody Composition Analyze) ကို ကလေးလူကြီး ကျား/မ မရွေးစစ်ဆေးနိုင်ပြီး
ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့
✅ ကြွက်သားပမာဏ
✅ အဆီပမာဏ
✅ ရေသောက်နည်းခြင်း/များခြင်း
✅ ရှိသင့်သောကိုယ်အလေးချိန်/လျှော့ချသင့်သောကိုယ်အလေးချိန်
✅ မိမိစားသောက်ရမယ့် ကယ်လိုရီပမာဏတွက်ချက်ပေးခြင်း
✅ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်သော ကိုယ်တွင်းကလီစာ Visceral Fat Level
✅ အာဟာရအတွက် အရေးပါသော အချက်အလက်များ အစရှိသည်တို့ကို သိရှိနိုင်မှာဖြစ်ပါတယ်။
🗓️ 20.7.2023 🗓️
⏰ နေ့လည် 1 နာရီ – 4 နာရီထိ ⏰
🏥 Medical Check-up Center 🏥
🙇🏼လူဦးရေအကန့်အသတ်ရှိပါသဖြင့် ကြိုတင်ဘိုကင်ယူထားရန်တော့ လိုအပ်ပါတယ်နော်။
“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”
ဆက်သွယ်ရန်
“မန္တလာဆေးရုံ”
လိပ်စာ – ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။
ဖုန်းနံပါတ် – 09 796 188 100 , 09 423 343 641